![[Image: 1PLnugJ.png]](https://i.imgur.com/1PLnugJ.png)
အသက် ၁၈ နှစ်အောက်ကို ကန့်သတ်ထားတဲ့အတွက်ကြောင့် အသက်အရွယ်ကို စစ်ပြီး Register လုပ်ခွင့်ပေးမပေးကိုစစ်နိုင်ဖို့အတွက်ပါ။ (အကယ်၍ အသက်လိမ်ထားတာကို Forum ရဲ့ Moderator တွေမှဖြစ်ဖြစ် Administrator မှဖြစ်ဖြစ်သိရှိပြီး အကောင့်ကို စစ်ဆေးပြီးဖျက်သိမ်းနိုင်ပါတယ်။)
![[Image: uUx3Wkc.png]](https://i.imgur.com/uUx3Wkc.png)
ပြီးသွားရင်တော့ Register Aggrement တွေဖတ်ပြီး Forum မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းလုပ်ဆောင်တာကို လက်ခံမယ်ဆိုရင်တော့ ရှေ့ဆက်လို့ရပါပြီ။
![[Image: C8e6N5W.png]](https://i.imgur.com/C8e6N5W.png)
ဖိုရမ်မှာအသုံးပြုဖို့အတွက် Account Information တွေကို ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။ Forum မှာ အသုံးပြုမယ့် Login ဝင်ရမယ့် နာမည်၊ Password နဲ့ Account activation လုပ်ဖို့အတွက် mail address တွေရယ် ကိုယ်ရဲ့ Gender နဲ့အခြားသော အချက်အလက်တွေကို ထည့်သွင်းနိုင်ပါတယ်။ အကယ်လို့သာ တစ်ယောက်ယောက်က referred လုပ်တယ်ဆိုရင်တော့ Search for a user မှာ ကိုယ့်ကို ဖိတ်ခေါ်တဲ့လူရဲ့ နာမည်ကိုရိုက်သွင်းပေးမယ်ဆိုရင်တော့ ဖိတ်ခေါ်သူက 25 Credits/ Points ရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ Security Question ကို ထည့်သွင်းလိုက်ပါ။ ထည့်သွင်းပြီး အခြားလိုအပ်တာတွေကို ဖြည့်ပြီးသွားရင်တော့ နောက်တစ်ဆင့်ကိုတက်လို့ရပါပြီ။
![[Image: eKPRb2j.png]](https://i.imgur.com/eKPRb2j.png)
လိုအပ်သော အချက်အလက်များ ဖြည့်ပြီးရင်တော့ အစိမ်းရောင်လေးတွေ ပြောင်းပြောင်းသွားပါလိမ့်မယ်။
![[Image: JEIHuK3.png]](https://i.imgur.com/JEIHuK3.png)
အားလုံးဖြည့်ပြီးသွားရင်တော့ Captcha ကို ဖြည်ပြီး Submit ကိုနှိပ်ပြီး အကောင့်သစ်လုပ်တာကို ရှေ့ဆက်လို့ရပါပြီ။
![[Image: 965iKOL.png]](https://i.imgur.com/965iKOL.png)
အားလုံး ပြည့်စုံစွာထည့်ပြီးသွားရင်တော့ အောက်ပါ အတိုင်း မြင်ရပါလိမ့်မယ်။
![[Image: Epi1hEG.png]](https://i.imgur.com/Epi1hEG.png)
ပြီးသွားရင်တော့ Register အောင်မြင်ကြောင်းပြသပေးသွားရင်တော့ mail ကိုသွားပြီး Activate လုပ်ပေးရမှာပါ။
![[Image: XplONSY.png]](https://i.imgur.com/XplONSY.png)
အကယ်လို့ mail ကို activate မလုပ်ဘူးဆိုရင်တော့ အကောင့်က ၁ ပါတ်အတွင်းပျက်သွားမှာပဲဖြစ်ပါတယ်။ Spam account တွေနဲ့ ပြည့်နေမယ့်အစား quality over quantity လို့အမြဲခံယူထားလို့ ဖျက်ချအောင် လုပ်ထားပါတယ်။ အကောင့်မပျက်ချင်ရင်တော့ Account activation လုပ်ထားဖို့ အကြံပေးချင်ပါတယ်။
![[Image: lmcIeZi.png]](https://i.imgur.com/lmcIeZi.png)
ကိုယ့် mail ရဲ့ inbox အတွင်းသို့ "Myanmar Profess X" က ပို့သော mail ရောက်နေပါလိမ့်မယ်။ Inbox ထဲမရှိရင်တော့ Spam mail ထဲမှာ စစ်ကြည့်လိုက်ပါ။ Inbox ထဲကိုရောက်အောင် အကောင်းဆုံး ကြိုးစားထားပေမယ့် တစ်ခါတစ်လေတော့လဲ Junk ဖြစ်ပြီး spam ထဲရောက်သွားတတ်ပါတယ်။
![[Image: U3r6Xqx.png]](https://i.imgur.com/U3r6Xqx.png)
mail အတွင်းသို့ ရောက်ရှိလာသော mail url ကို copy ကူးပြီး browser အတွင်းမှာ ဖွင့်ပြီး Activate လုပ်မယ်ဆိုပါက Myanmar Profess X forum account တစ်ခုရမှာပဲဖြစ်ပါတယ်။
![[Image: vJ52o9d.png]](https://i.imgur.com/vJ52o9d.png)
Mobile အတွက်လည်း မကြာခင်ရေးပေးပါ့မယ်။